FILTERS


PRICE

OTHERS
Sort By:

History Book

ဇင်သန့် ဒိုက်ဦးမှ စင်္ကာပူသို့
4000 Ks
Item Code

ဇင်သန့်

ဒိုက်ဦးမှ စင်္ကာပူသို့

တန်ဖိုး+ပို့ခ = ၄၀ဝ၀ ကျပ်

-----------------------------------------

၁၉၈၂ ခုနှစ်တုန်းက 

စင်္ကာပူနိုင်ငံတွင် ချန်ကျူးဘဏ်သည်

လွန်စွာထင်ရှားခဲ့ပါသည်။

သို့သော်လည်း

ထိုဘဏ်ကို မြန်မာနိုင်ငံ၏ ဒိုက်ဦးမြို့မှ လာသော

လူတစ်ဦးက စတင်တည်ထောင်ခဲ့သည် ဆိုတာကိုတော့

သိသူနည်းပါးပါသည်။

ယခုစာအုပ်သည် ထိုသူ၏ အကြောင်းကို ရေးသားထားသည့်

စာအုပ်တစ်အုပ်ဖြစ်ပါသည်။

ဒိုက်ဦးမှ စင်္ကာပူသို့ရောက်ရှိခဲ့ပုံ၊ ကြိုးစားခဲ့ပုံ၊

အောင်မြင်မှု၊ ကျဆုံးမှု စသည့် စိတ်ဝင်စားဖွယ်၊ 

အားကျအတုယူဖွယ်များကို ဖတ်ရှုရမည်ဖြစ်ပြီး

ထိုခေတ်ထိုအခါက စင်္ကာပူနိုင်ငံကိုလည်း တွေ့ရှိရမည်ဖြစ်ပါသည်။

ဓာတ်ပုံမှတ်တမ်းများနှင့်အတူ

ဖတ်ရှု့ရမည့် ဒိုက်ဦးမှ စင်္ကာပူသို့ စာအုပ်ကို အဖြူရောင်စာပေမှ

ထုတ်ဝေထားပါသည်။

တင်နွယ်မောင် မော့ဆက်
6000 Ks
Item Code

တင်နွယ်မောင်

မော့ဆက်

စာအုပ်တန်ဖိုး+ပို့ခ = ၆၀ဝ၀ ကျပ်

--------------------------------------------

မော့ဆက်စာအုပ်သည် တိုင်းပြည်နှင့်လူမျိုး လုံခြုံရေးအတွက် စွန့်လွှတ် စွန့်စားဆောင်ရွက်ခဲ့ကြသော အစ္စရေးနိုင်ငံ၏ ကမ္ဘာကျော်ထိပ်တန်း ထောက်လှမ်းရေးအဖွဲ့အကြောင်းဖြစ်ပါသည်။

ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက မော့ဆက်အဖွဲ့သည် စီအိုင်အေ၊ ကေဂျီဘီ၊ အမ်အိုင်-၅ စသည့် မဟာအင်အားကြီးနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့ များနှင့် ပခုံးချင်းယှဉ်ပြိုင်ပြီး တစ်ခါတရံ ၄င်းကပင် နှာတစ်ဖျား ကျောသွား တတ်ကြောင်းရေးသားခဲ့ပါသည်။

မော့ဆက်အဖွဲ့ကြီးကို အစပျိုးခဲ့သော အီဆာနှစ်ယောက်အကြောင်းနှင့် ဂျူး ခြောက်သန်းကို သုတ်သင်ရာ၌တာဝန်မကင်းခဲ့သူ အိုက်ခမန်းကို ပြန်ပေးဆွဲကာ တရားဥပဒေကို ရင်ဆိုင်စေခဲ့သည့် အကြောင်းများက စိတ်လှုပ်ရှားစရာကောင်းလှ၏။

ရန်သူနိုင်ငံတွင် ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်လာလုနီးပါးအောင်မြင် ခဲ့သော သူသျှိုထိပ်သီး 'အလီကိုဟင်' အကြောင်းက ဤစာအုပ်၏ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းဖြစ်သည်။

ချာဘိုးဒုံးသင်္ဘောများနှင့် စက္ကူလေယာဉ်များအကြောင်းဖတ်ရှုရသောအခါ လျှို့ဝှက်သည်းဖိုဇာတ်လမ်းတစ်ပုဒ် ကြည့်ရှု့ရသလို တရှိုက်မက်မက်ခံစား ကြရမည်ဖြစ်၏။ 

'အစ္စရေးဘီးယား' 'ခေါင်းထဲမှ သူသျှို ' နှင့် 'ကိုယ်ပျောက်သူသျှို' များအကြောင်း ဖတ်ရသောအခါ သည်းထိတ်ရင်ဖိုမှုတွေ ဖြစ်ပေါ်လာပါ လိမ့်မည်။

ယင်းအဖွဲ့၏အမည်ကား 'မော့ဆက်' သို့မဟုတ် နာမည်အရှည်မှာ 'ထောက်လှမ်းရေးနှင့် အထူးတာဝန်ရပ်များအဖွဲ့ကြီး' ပင်ဖြစ်သည်။