FILTERS


PRICE

OTHERS
Sort By:

Political Book

စည်သူကျော်၊ သွားပါများ၍ ခရီးရောက်ခဲ့သူ
5000 Ks
Item Code

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်သူကျော် မြန်မာပြန်ဆိုသည်။

စာအုပ်တန်ဖိုး+ပို့ခ = ၅၀ဝ၀ ကျပ်

------------------------------------------------------------------

နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ စစ်အစိုးရထက် အောက်ခြေပြည်သူလူထု အပေါ်မှာပဲ ပိုမိုထိခိုက်စေခဲ့တယ်လို့ သူနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ ဗမာလူမျိုး မိတ်ဆွေတွေက ပြောပြခဲ့ကြောင်း၊ မြန် မာ/ဗမာ နာမည် ကိစ္စကိုပဲ အကျိုးမဲ့ ငြင်းခုံနေကြခြင်းအားဖြင့် သက်သက်မဲ့ အလုပ်ပို အလုပ်ရှုပ်ပြီး မလိုလားအပ်တဲ့ ကိစ္စတွေသာ ဖြစ်ပေါ်လာတဲ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အပေါ် ဘာမှ အကျိုး မဖြစ်ထွန်းစေဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြား မီဒီယာ တွေနဲ့ Burma Campaign လို အဖွဲ့အစည်းတွေက မြန်မာ့အရေးချဉ်းကပ်ရာမှာ ဘယ်သူ့ကို ဘယ်လို ဇောင်းပေး ချဉ်းကပ်ခဲ့လဲ ဆိုတာတွေကို ပညာရှင်ဆန်စွာ ချဉ်းကပ်သုံးသပ် လေ့လာတင်ပြထားပါတယ်။

နာမည်ကျော် စစ်ထောက်လှမ်းရေး နဲ့ ပတ်သက်ခဲ့ရပုံ၊ စစ်ထောက်လှမ်းရေးက သူတို့လို နိုင်ငံခြား သံတမန်တွေကို တကောက်ကောက် နောက်ယောင်ခံ လိုက်နေခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေတဲ့ သြစတြေးလျ ခရီးသည် လူငယ်ကို စစ် ထောက်လှမ်းရေးက လိုက်ရှာပေးခဲ့ပုံတွေ၊ ခရီးသွားလာရာမှာ မလိုအပ်ဘဲ ကန့်သတ် ပိတ်ပင်မှုတွေ များလွန်းပုံ၊ အဲဒီတုန်းက အတိုက်အခံ ခေါင်းဆောင် အဖြစ်သာ ရှိနေသေးတဲ့ အခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဆက်ဆံရေးအပေါ် ရှုမြင်သုံးသပ် အကဲဖြတ်မှုတွေ၊ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်စုဆီကို သံအမတ်ကြီး အိမ်ဂေဟာထဲက သူတို့ဇနီးမောင်နှံ မွေးထားတဲ့ ကြက်ခြံက ကြက်ဥတွေကို သူတို့ကားဒရိုင်ဘာကတဆင့် အစောင့်အကြပ်တွေကို ကျော်ဖြတ် ပို့ဆောင်ပေးခဲ့ပုံတွေ၊ Hash House harrier ဆိုတဲ့ သံတမန်တွေရဲ့ အပြေးအဖွဲ့မှာ ပါဝင်ပြီး ရန်ကုန်မြို့တွင်းမှာ ပြေးခဲ့စဉ်က နောက်ယောင်ခံလိုက် ဓာတ်ပုံမှတ်တမ်းတင်နေတဲ့ ထောက်လှမ်းရေးကို သူတို့ အဖွဲ့ရဲ့ အဖွဲ့လိုက်ဓာတ်ပုံတွေ ရိုက်ခိုင်းစေခဲ့တဲ့ ကသောင်းကနင်း အဖြစ်အပျက်တွေ စတာကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမှာပါ။

စာရေးသူ ထရီဗာ ဝီလ်ဆင်ဟာ ၂၀ဝ၀-၂၀ဝ၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သူ့ရဲ့ ၃၆ နှစ်ကြာ နိုင်ငံခြားရေး ဝန်ထမ်းဘဝကနေ အငြိမ်းစား ယူခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာ ကောလိပ်၊ နိုင်ငံရေးနှင့် လူမှုရေး အပြောင်းအလဲများကို လေ့လာမှု ဋ္ဌာန မှာ ဧည့်ပါမောက္ခ အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။