FILTERS


PRICE

OTHERS
Sort By:

Religion Books

ကင်္ခါဋီကာဟောင်းနိဿယ
5000 Ks
Item Code

ကင်္ခါဝိတရဏီအဋ္ဌကထာကို ပါဠိဘာသာဖြင့် ဖွင့်ပြထားသော ကျမ်းမှာ နှစ်မျိုးရှိသည်။ ကင်္ခါဋီကာသစ်နှင့် ကင်္ခါဋီကာဟောင်းဟု တွင်သည်။ ထိုနှစ်မျိုးမှ ကင်္ခါဋီကာဟောင်းကျမ်းကို နိဿယပြန်ဆိုထားသော ကျမ်းစာဖြစ်သည်။ ကင်္ခါဋီကာ သည် ဝိနည်းပိဋကဆိုင်ရာ ဋီကာကျမ်းဖြစ်သည်။ ဝိနည်းနှင့် စပ်ဆိုင်ရာ၌ သံသယဖြစ်ဖွယ်ရာများကို ရှင်းလင်းဖော်ပြထားသည်။

အဘိဓမ္မာဝိနိစ္ဆယကျမ်း
3500 Ks
Item Code

ဆင်တဲဆရာတော်ဘုရားကြီးအား စည်သူရွှေတောင်၊ မဟာမင်းခေါင်စည်သူ စသော ပုဂ္ဂိုလ်များက အသိခက်၍ နက်နဲသော အမေးပုစ္ဆာများ မေးမြန်းလျှောက်ထားကြသည်။ စုစုပေါင်း ပုစ္ဆာ ၁၂၂ ခုရှိလေသည်။ များသော အားဖြင့် အဘိဓမ္မာနှင့် ပတ်သက်သော မေးခွန်းနှင့် အဖြေက များသည်။ ဝိနည်းဆိုင်ရာ တစ်ပုဒ်သာ ပါဝင်သည်။ ထိုအဖြေများကို စုပေါင်းကာ မန္တလေး မြန်မာ့တာရာပုံနှိပ်တိုက်မှ ရှေးက ပုံနှိပ်ခဲ့ဖူးသော်လည်း ယခုအခါ ရှားပါးစာအုပ်ဖြစ်နေပါသည်။

အပဒါ်န်အဋ္ဌကထာဒုတိယတွဲနိဿယ(ဒုတိယတွဲ)
5000 Ks
Item Code

အပဒါန်အဋ္ဌကထာဒုတိယတွဲကို နိဿယပြန်ဆိုထားသော ကျမ်းစာအုပ်ဖြစ်သည်။ ဗုဒ္ဓသာဝကမထေရ်မြတ်တို့၏ ဖြစ်စဉ်များ အတွေ့အကြုံများကို ပါဠိဘာသာဖြင့် ရေးသားထားသည်ကို မြန်မာဘာသာဖြင့် နိဿယပြန်ဆိုထားခြင်းဖြစ်သည်။

အပဒါန်အဋ္ဌကထာဒုတိယတွဲနိဿယ(ပထမပိုင်း)
5000 Ks
Item Code

အပဒါနအဋ္ဌကထာဒုတိယတွဲကို နိဿယပြန်ဆိုထားသည်။ စာအုပ်ကို နှစ်အုပ်ခွဲ၍ ထုတ်ဝေထားသည်။ ဤစာအုပ်တွင် ပစ္စေကဗုဒ္ဓါများအကြောင်း ဂေါတမဘုရားရှင်နှင့် သာဝကများအကြောင်းကို ဖော်ပြထားသည်။

ဗုဒ္ဓဝံသအဋ္ဌကထာနိဿယ(ဒုတိယတွဲ)
5500 Ks
Item Code

ဗုဒ္ဓဝံသအဋ္ဌကထာပါဌ်ကို မြန်မာဘာသာဖြင့် အနက်ပြန်ဆိုထားသည်၊ ဘုရားရှင်ပွင့်တော်မူလာပုံကို အသေးစိတ် လေ့လာသိရှိနိုင်သည်။ ကြည်ညိုသဒ္ဓါစိတ်ဖြစ်ပေါ်လာနိုင်သဖြင့် ကုသိုလ်တရားတိုးစေနိုင်သည့်အပြင် ပါဠိဘာသာလေ့လာလိုသူများအတွက်လည်း များစွာ အကျိုးရှိနိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

ဗုဒ္ဓဝံသအဋ္ဌကထာနိဿယ(ပထမတွဲ)
5500 Ks
Item Code

အကြောင်းအရာ

ဗုဒ္ဓဝံသအဋ္ဌကထာပါဌ်ကို အနက်မြန်မာပြန်ဆိုထားသော ကျမ်းစာဖြစ်သည်။ ပထမတွဲ တွင် ဒီပင်္ကရာမြတ်စာဘုရား၏ အကြောင်းအရာမှ စတင်ကာ သုမနမြတ်စွာဘုရားရှင်၏ အကြောင်းအရာအထိ ပါဝင်သည်။ ထိုဘုရားရှင်တို့ ပွင့်တော်မူစဉ်က ဂေါတမဘုရားအလောင်းတော်အား ဗျာဒိတ်ပေးတော်မူပုံများ၊ ဘုရားအလောင်းတော် ကျင့်ကြံအားထုတ်ခဲ့ပုံများကို ဖော်ပြထားသော ကျမ်းစာဖြစ်သည်။

ပိဋကတ်မြန်မာပြန်လမ်းညွှန်(သုတ္တန်အမည်အက္ခရာစဉ်)
16000 Ks
Item Code

ပိဋကသုံးပုံ ပါဠိတော်မြန်မာပြန်အားလုံးမှ သုတ် ၀တ္ထုစသည်တို့ကို အမည်များစုပေါင်းကာ အက္ခရာစဉ်ဖြင့် ဖော်ပြထားသည်။ သုတ်တိုင်းတွင် ပါရှိသော လိုက်နာဖွယ် မှတ်သားဖွယ်များကို အကြောင်းအရာများဖြင့် ဖော်ပြထားသည်။ မြန်မာပြန်စာအုပ်ရှိ စာမျက်နှာကိုပါ ညွှန်းထားသဖြင့် မူရင်းကျမ်းကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်သည်။

ဓမ္မပဒအဋ္ဌကထာနိဿယ(ဒုတိယတွဲ)
5500 Ks
Item Code

ကဒ်ထူဖုံး၊ သီချုပ်

၆.၅×၉.၅

ဓမ္မပဒအဋ္ဌကထာကို နိဿယပြန်ဆိုထားခြင်းဖြစ်သည်။ ဤနိဿယကျမ်းစာ၌ စိတ္တဝဂ်မှစတင်ကာ ပဏ္ဍိတဝဂ်အဆုံးထိပါရှိသည်။ နက်နဲသော အသိခက်သော နေရာများ၌ ထိမိရှင်းလင်းစွာ ဖြေရှင်းပြထားသော မှတ်သားဖွယ်ရာများကို နောက်ဆက်တွဲအဖြစ် အက္ခရာစဉ်ကာ ထည့်သွင်းထားသည်။ မူရင်းအဋ္ဌကထာနှင့် ယှဉ်တွဲကြည့်ရှုနိုင်ရန် စာမျက်နှာအညွန်းလည်း ပါရှိသည်။ နောက်ဆုံးတွင် ပိဋကဝိနိစ္ဆယကထာကိုလည်း ထည့်သွင်းထားသည်။

ဓမ္မပဒအဋ္ဌကထာနိဿယ(ပထမတွဲ)
5000 Ks
Item Code

ကဒ်ထူဖုံး၊ သီချုပ် ခန့်ချုပ်

၆.၅×၉.၅

ဓမ္မပဒအဋ္ဌကထာ ပထမတွဲ၏ နိဿယဖြစ်သည်။ တစ်မူဆန်းသစ်၍ ထိမိတိကျသော အနက်ပေးပုံများ ပါရှိသည်။ မှတ်သားဖွယ်ရာများကို ဆိုင်ရာ စာမျက်နှာ၏ အောက်ခြေမှတ်ချက်တွင် ဖော်ပြထားပြီး အက္ခရာစဉ်ဖြင့်လည်း နောက်ဆက်တွဲနေရာတွင် စုပေါင်းညွန်ပြထားသည်။ အဋ္ဌကထာ၌ ပါရှိသော ဝိဂ္ဂဟများကို စုပေါင်းကာ ဝိဂ္ဂဟသူစိဟု အမည်ပေးလျက် ​ဖော်ပြထားသေးသည်။ နောက်ဆုံးတွင် ပိဋကဝိနိစ္ဆယကထာဟုခေါ်သော ပိဋကသုံးပုံဆိုင်ရာ အဆုံးအဖြတ်များကိုလည်း ထည့်သွင်းထားသေးသည်။

ဇာတ်အဋ္ဌကထာနိဿယ(အသီတိနိပါတ်)
5000 Ks
Item Code

ဇာတ်အဋ္ဌကထာ ပဉ္စမတွဲရှိ နောက်ဆုံးဖြစ်သော အသီတိနိပါတ်ကို နိဿယ ပြန်ဆိုထားသည်။ စူဠဟံသဇာတ် မဟာဟံသဇာတ် ကုဏာလဇာတ် သုတသောမဇာတ်များ ပါဝင်သည်။ အသိခက်သော နေရာများတွင် အောက်ခြေမှတ်ချက်ဖြင့်ဖော်ပြရှင်းပြထားသည်။ တရားဟောသူများ စာပေလေ့လာသူများ စာသင်သားများ စာချရဟန်းတော်များ လေ့လာဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဇာတ်အဋ္ဌကထာနိဿယ(သဋ္ဌိနိပါတ်၊ သတ္တတိနိပါတ်)
4000 Ks
Item Code

ဇာတ်အဋ္ဌကထာပဉ္စမတွဲတွင်ပါရှိသော သဋ္ဌိနိပါတ်နှင့် သတ္တတိနိပါတ်ကို နိဿယပြန်ဆိုရေးသားထားသည်။ ဤနိပါတ်တို့တွင် သောဏကဇာတ် မင်းကုသအကြောင်းဖြစ်သော ကုသဇာတ်တို့ပါဝင်သည်။

ဇာတ်အဋ္ဌကထာနိဿယ (တိံသနိပါတ်မှ ပဏ္ဏာသနိပါတ်အထိ)
5000 Ks
Item Code

ဇာတ်အဋ္ဌကထာ ပဉ္စမတွဲတွင်ပါရှိသောတိံသနိပါတ် စတ္တာလီသနိပါတ် ပဏ္ဏာသနိပါတ်တို့ကို နိဿယပြန်ဆိုရေးသားထားသည်။ အသိခက်သော နေရာများ၊ အဓိပ္ပာယ်မပေါ်လွင်သော နေရာများ၌ အောက်ခြေမှတ်ချက်များဖြင့် ရှင်းလင်းဖော်ပြထားသည်။ ဗဟုသုတဖြစ်ဖွယ် မှတ်သားဖွယ် အတုယူဖွယ်များ ပါရှိသည်။

ဇာတ်အဋ္ဌကထာနိဿယ(ပကိဏ္ဏကနိပါတ်၊ ဝီသတိနိပါတ်)
6000 Ks
Item Code

ကဒ်ထူဖုံး၊ ခန့်ချုပ်၊ သီချုပ်

၆×၈.၅

ဇာတ်အဋ္ဌကထာစတုတ္ထတွဲတွင်ပါရှိသော နောက်ဆုံးနိပါတ်နှစ်မျိုးကို နိဿယပြန်ဆိုထားသည်။ နိဿယကျမ်းစာတို့သဘာဝအတိုင်း ခဲခက်သော နေရာများတွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ မှတ်ချက်များဖြင့်လည်း ရှင်းလင်းပြထားသည်။ အဋ္ဌကထာပါဠိနှင့် တိုက်ဆိုင်ကြည့်ရှုရန် စာမျက်နှာအညွှန်းလည်း ပါရှိသည်။

ဇာတ်အဋ္ဌကထာနိဿယ (ဒသကနိပါတ်မှ တေရသကနိပါတ်အထိ)
5500 Ks
Item Code

ဇာတ်အဋ္ဌကထာ စတုတ္ထတွဲမှ ဒသကနိပါတ်မှ တေရသကနိပါတ်တိုင်အောင် နိဿယပြန်ဆိုထားသည်။ tအဋ္ဌကထာဆရာ၏ ဆိုလိုချက်အာဘော်ကို ထိထိမိမိ သိမြင်စေနိုင်သည့် နိဿယစာအုပ်ကောင်းဖြစ်သည်။ စာသင်သားသံဃာတော်များနှင့် စာပေလေ့လာလိုသူများ ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။



ဇာတ်အဋ္ဌကထာနိဿယ(တိကနိပါတ်)
4000 Ks
Item Code

ဇာတ်အဋ္ဌကထာဒုတိယတွဲတွင် ပါရှိသော တိကနိပါတ်ကိုလှည်းကူးမြို့ မင်းကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒမထေရ်မြတ်မှ နိဿယပြန်ဆိုထားသည်။ မူရင်း အဋ္ဌကထာ၏ ဆိုလိုချက်များထင်ရှားပေါ်လွင်အောင် အနက်ပေးထားသည်၊ မှတ်သားဖွယ်များ လိုက်နာဖွယ်များ အတုယူဖွယ်များ ပါရှိသည်။ မူရင်းအဋ္ဌကထာပါဌ်နှင့် တွဲဖက်ကြည့်နိုင်ရန် စာမျက်နှာ အညွှန်းလည်း ပါဝင်သည်။ တရားဟောပုဂ္ဂိုလ်များ စာမေးပွဲဖြေဆိုသူများအတွက် များစွာ အထောက်အကူဖြစ်စေနိုင်သည်။

ဇာတ်အဋ္ဌကထာနိဿယ(ဒုကနိပါတ်)
4500 Ks
Item Code

ကဒ်ထူဖုံး ခန့်ချုပ်၊ သီချုပ်

၆×၈.၅

ဇာတ်အဋ္ဌကထာဒုတိယတွဲ၏ နိဿယဖြစ်သည်။ အသိခက်သော အရာများကိုအောက်ခြေမှတ်ချက်တွင် ရှင်းလင်းဖော်ပြထားသည်။ မူရင်းအဋ္ဌကထာပါဌ်နှင့် တိုက်ဆိုင်ကြည့်ရှုနိုင်ရန် စာမျက်နှာအညွှန်းလည်းပါရှိသည်။

ဇာတ်အဋ္ဌကထာနိဿယ(ဧကက ၂၇၉ မှ ၅၃၀ အထိ)
5500 Ks
Item Code

ဤစာအုပ်သည် ဇာတ်အဋ္ဌကထာပထမတွဲ၏ နိဿယဖြစ်ပါသည်။ အဋ္ဌကထာစာမျက်နှာ ၂၇၉၊ (၆) အာသီသ၀ဂ်မှ အဆုံးအထိ ပါရှိသည်။ နိဿယရေးသားသော ဆရာတော်မှာ မန္တလေးမြို့ မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ဖြစ်ပြီး ရှေးနိဿယများနှင့် မတူဘဲ စကားလုံးများကို နှစ်လုံး သုံးလုံးစသည် တွဲစပ်လျက် အနက်ပေးထားသည်။ အမြင်အတွေ့ဆန်းသော နိဿယရေးသားပုံဖြစ်သည်။ အနက်များမှာလည်း သဒ္ဒါမပျက် အနက်လည်းလှပ သေသပ်လှသည်။

ဇာတ်အဋ္ဌကထာနိဿယ(ဧကက ၁မှ-၂၇၉ အထိ)
5500 Ks
Item Code

ကဒ်ထူဖုံး၊ ခန့်ချုပ် သီချုပ်

၆×၈.၅

ဇာတ်အဋ္ဌကထာပထမတွဲ၏ နိဿယဖြစ်သည်။ ကျမ်းပြုဆရာတော်၏ ဆန်းသစ်သော နိဿယရေးဟန်နှင့် ပေါ်လွင်ထင်ရှားတိကျသော အနက်ပေးဟန်တို့ကို ဤကျမ်းတွင် တွေမြင်ရမည်ဖြစ်သည်။

ပိဋကတ်ဝတ္ထုလမ်းညွှန်
6500 Ks
Item Code

ပိဋကသုံးပုံတွင်ပါရှိသော လာရှိသော ဝတ္ထုအကြောင်းအရာများနှင့် ဝတ္ထုသဘောပါရှိသော အကြောင်းအရာများကို ထုတ်နုတ်စုစည်းကာ အက္ခရာစဉ်လျက် ဖော်ပြထားသည်။ ဝတ္ထုအကြောင်းအရာများကိုလည်း အကျဉ်းချုပ် ညွန်းပြထားသည်။ မှတ်သားဖွယ်ကောင်းသော အကြောင်းအရာများ၊ အတုယူအားကျဖွယ် အကြောင်းအရာများဖြစ်၍ တရားဟောပုဂ္ဂိုလ်များ စာရေးသား ကိုးကားမည့်သူများအတွက် များစွာ အကျိုးရှိစေမည်ဖြစ်သည်။

သဒ္ဒါ့အုတ်မြစ်
2500 Ks
Item Code

ပါဠိဘာသာသင်ကြားလေ့လာသူများ၏ လက်စွဲဖြစ်သော ကစ္စည်းသဒ္ဒါကျမ်းကို ခေတ်နှင့်အညီ အလွယ်တကူ လေ့လာနိုင်စေရန် စီစဉ်ထားသည်။ စာသင်သားကလေးငယ်များ ပါဠိဘာသာလေ့လာလိုသူများလက်စွဲပြုသင့်သော စာအုပ်ဖြစ်သည်။ ဝုဒ္ဓိဟုခေါ်သော သုတ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာဘာသာဖြင့်သာ ဖော်ပြထားပြီး ပြယုဂ်များကို ရုပ်တွက်ရာ၌လည်း နားလည်အလွယ်ဆုံးဖြစ်သော နည်းသစ်များဖြင့် ညွှန်ပြထားသည်။

စိန်ရတနာ ပါဠိသင်နည်း
2500 Ks
Item Code

အကြောင်းအရာ

ဤစာအုပ်သည် မြန်မာနိုင်ငံတွင် ခေတ်အမီဆုံး မြောင်းမြပါဠိသင်နည်းစနစ်ကို ကိုယ်ပိုင်အတွေ့အကြုံဖြင့် မွမ်းမံခြယ်သထားသော စာအုပ်ဖြစ်သည်။ ပါဠိဘာသာစာပေကိုလေ့လာရန်အတွက် ပါဠိသဒ္ဒါကို နည်းကောင်းစနစ်ကောင်းများဖြင့် ပြဆိုထားသည်။ စာစပ်နည်းများ ကြိယာအသုံးပြုနည်းများ အရတူ အရကွဲကြံဆနည်းများ ပါဝင်သည်။ ကျမ်းစာသေးငယ်သော်လည်း အကျိုးပြုမှု မသေးငယ်သော စာအုပ်တစ်အုပ်ဖြစ်သည်။ စိတ်ဝင်တစားလေ့လာပါက ပါဠိဘာသာတတ်မြောက်ရန် အာမခံပေးထားသော စာအုပ်တစ်အုပ်လည်း ဖြစ်ပါသည်။

ဂါထာသူစိ
4500 Ks
Item Code

ကျမ်းစာ၏အကြောင်းအရာ

ပိဋကသုံးပုံပါဠိတော်များတွင် ပါရှိသော ဂါထာတော်မျာအားလုံး၏ ပထမပါဒကို ဖော်ပြကာ အက္ခရာစဉ်ထားသည်။ ဂါထာပါဒအစကိုသိသည်နှင့် မည်သည့်ကျမ်းတွင်ပါရှိသည်ကို သိနိုင်သည်၊ ကျမ်းညွှန်းမှတစ်ဆင့် အကြောင်းအရာအကျယ်ကို ဆက်လက်ရှာဖွေကြည့်နိုင်ပါသည်။

ဓမ္မကထိကများ ပိဋကစာပေပညာရှင်များ လက်စွဲဆောင်ထားထိုက်သော ကျမ်းစာအုပ်ဖြစ်ပါသည်။

အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့တရားတော်များ(ဥပရိပဏ္ဏာသ)
2000 Ks
Item Code

ဥပရိပဏ္ဏာသပါဠိတော်မှ အနှစ်အသားထုတ်နုတ်လျက် မူရင်းလည်း မပျက် လိုရင်းလည်း ထိမိအောင် ရေးသားထားသည်။ ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားဓမ္မများကို ဘုရားရှင်ထံမှောက်၌ တိုက်ရိုက်နာကြားနေရသကဲ့သို့ ထိရှခံစားရစေနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။


အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့ တရားတော်များ (မူလပဏ္ဏာသ)
2500 Ks
Item Code

မူလပဏ္ဏာသပါဠိတော်ကို မြန်မာစကားပြေဖြင့် အကျဉ်းချုပ်ဖော်ပြထားသည်။ ထိမိရှင်းလင်းသော စကားလုံးများဖြင့် ရေးသားထားသောကြောင့် စာဖတ်တတ်သူတိုင်း မြတ်ဗုဒ္ဓ၏ တရားတော်ကို အလွယ်တကူ သိရှိနိုင်သည်။ စာအုပ်မှာ ဝတ္ထုဆိုဒ်ဖြစ်သောကြောင့် သယ်ဆောင်ရလွယ်ကူသဖြင့် ခရီးသွားရင်းလည်း ဖတ်ရှုနိုင်သည်။ ဖတ်ရှုသူတိုင်း မြတ်စွာဘုရားနှင့် မျက်မှောက်ကြုံတွေ့ရသကဲ့သို့ ခံစားရစေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်

ပိဋကတ်မြန်မာပြန်လမ်းညွှန်(အကြောင်းအရာအက္ခရာစဉ်)
15000 Ks
Item Code

ပိဋကတ်တော်မြန်မာပြန်များကို လေ့လာဖတ်ရှုရာ၌ မိမိသိလိုသော အချက်အလက်များကို ရွေးချယ်ဖတ်ရှုနိုင်ရန် ကူညီပေးနိုင်သည်။ ပိဋကသုံးပုံတွင် လေ့လာထိုက်သော မှတ်သားထိုက်သော လေ့ကျက်ထိုက်သော အကြောင်းအရာများစွာကို ထုတ်နုတ်ကာ အက္ခရာစဉ်ထားသည်။ မိမိ သိထားသော အကြောင်းအရာကို အလွယ်တကူ ရှာဖွေနိုင်သည်။ ကျမ်းစာပြုစု အကိုးအကားပြုသူများအတွက် အဆင်ပြေသည်။ အကြောင်းအရာလည်း ပြည့်စုံစွာပါရှီသည်။

ပိဋကသုံးပုံ သရုပ်စုံ အဘိဓာန်
10000 Ks
Item Code

ဤကျမ်းစာအုပ်၌ ပိဋကသုံးပုံတွင်ပါဝင်သော သရုပ်အားလုံးကို ထုတ်နုတ်၍ တင်ပြထားသည်၊ အဘိဓာန်သဖွယ် အက္ခရာစဉ်ဖြင့် သရုပ်အချက်အလက်များကို ဖော်ပြထားသည်။ ဗဟုသုတရှာလိုသူများ အတွက် အကောင်းဆုံးဖြစ်သည်။ ကျမ်းစာရေးသားရန် ပြောဆိုဟောကြားရန် ကိုးကားရန်အချက်အလက်ရှာသူများ အတွက်လည်း များစွာသင့်လျော်သည်။ ဗဟုသုတဟင်းလေးအိုးကြီးကို ပိုင်ဆိုင်ထားရသလို ခံစားရစေမည့် စာအုပ်ဖြစ်သည်။

နိုင်ဦး၊ ဘာသာတရားတို့နိဒါန်း
3500 Ks
Item Code

နိုင်ဦး

ဘာသာတရားတို့နိဒါန်း

Discount Book 

စာအုပ်တန်ဖိုး+ပို့ခ =၃၅၀ဝ ကျပ်

-----------------------------------------------------

ကမ္ဘာပေါ်ရှိလူအများဆုံး ကိုးကွယ်သော ဘာသာကြီး(၄)မျိုးအပါအဝင်

အခြားဘာသာများအကြောင်းကို စိတ်ဝင်စားဖွယ်ရာ နောက်ခံအကြောင်းအရာများနှင့်တင်ဆက်ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဘာသာတရားတို့စတင်ဖြစ်ပေါ်လာရာ အကြောင်းကို တင်ဆက်ပေးထားပြီး ကျမ်းကြီးကျမ်းခိုင်မျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဖတ်ရှုနိုင်ရန်ရေးဖွဲ့ထားသောကြောင့် ရသစာပေတစ်မျိုး အဖြစ်လည်းခံစားဖတ်ရှုနိုင်ပါသည်။